ခရီးမှာ
စိတ်ရဲ့အတွင်းပိုင်းထဲမှာ ဖက်တွယ်ထားတဲ့အရာတွေကနေ တင်ပေးလိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေအကြောင်း တွေးမိတယ်။ ကျွန်တော်တို့မယ် လမ်းခရီးတစ်လျှောက်လုံး ဒီဝန်ထုပ်တွေကို ထမ်းပိုးပြီး သွားနေကြရတာပါပဲ။ ဒီလိုသွားတဲ့အခါ ခလုတ်တွေလည်း ထိ၊ ဆူးတွေလည်း ငြိပေါ့လေ။ ဘာတွေကိုဖက်တွယ်ထားလဲဆိုတော့ စံတန်ဖိုးတွေပါပဲ။ Value လို့လည်း ပြောကြတယ်။ ပါဠိလိုတော့ အဓိပ္ပာယ်လို့ ခေါ်နိုင်ပါလိမ့်မယ်။ စံတန်ဖိုးတွေကလည်း ကိုယ်စီကိုယ်စီ အမျိုးမျိုးပါပဲ။ ဆင်တာလည်း ရှိ၊ ကွဲပြားတာလည်း ရှိ။ ဆန့်ကျင်ဘက်အသွင်ဆောင်နေတွေလည်း ရှိပါပဲ။ ဘယ်ဟာက မှန်တယ်၊ ပိုကောင်းတယ်ဆိုတာမျိုးတော့ ပြောဖို့ ခက်ပါတယ်။ ဒီစံတန်ဖိုးကို ဆုပ်ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ဘဝခရီးမယ် ဘယ်လိုဝန်ထုပ်တွေကို ဘယ်လောက်ထမ်းရတယ်ဆိုတာတွေကို နည်းနည်းလေး ပုံဖော်ကြည့်ရအောင်ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ စံတန်ဖိုးဟာ လူတစ်ယောက်ရဲ့ အုတ်မြစ်ပါ။ အတွေး၊ ယုံကြည်ချက်၊ ရည်ရွယ်ချက်တွေကို ပြဋ္ဌာန်းပါတယ်။ ပြီးတဲ့အခါ ကိုယ်ကျင့်စရိုက်ကို ပုံဖော်ပါတယ်။ ဒီဟာကို တစ်နည်းအနေနဲ့ပြောရရင် အတွင်းလက္ခဏာလို့ ပြောနိုင်မယ်ထင်ပါတယ်။ သီလလို့ဆိုရင်လည်း နီးစပ်ပါလိမ့်မယ်။ အဲဒီကနေ ကိုယ်ရည်ကိုယ်သွေးကို ဖြစ်ထွန်းစေတာပါ။ ဒီ...